Subscribe RSS Feeds
မင်္ဂလာပါ။ ကျွန်တော့် ဘလော့ဂ် လေးကိုလာလည်လို့ ကျေးဇူးတင်ပါတယ်။ လိုအပ်သော အခက်အခဲများ၊ Software များ တောင်းဆိုချင်ပါက ( www.aungkaingmoe.blogspot.com@gmail.com ) ကို Mail ပို့ပြီးဖြစ်စေ၊ C-Box မှာဖြစ်စေ တောင်းယူနိုင်ပါသည်။ ခင်မင်လေးစားစွာဖြင့်.....♥♥♥ အောင်ခိုင်မိုး ♥♥♥

ဒီဘလော့ဂ်လေးမှာဆက်မရေးတော့ပါ။

0 Comments »
ကျွန်တော် ဒီဘလော့ဂ်လေးမှာ ဆက်မရေးတော့ပါ။ ဒီနေရာလေးမှာ ရေးနေပါတယ်။ ခုတောါ အလုပ်တွေ နည်းနည်းရှိလို့ ဘာမှမရေးဖြစ်သေးပါဘူး။ နောက်ပြီး ကျွန်တော့်ရဲ့ Social Site လေးကို လာလည်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ 

Blogger, Wordpress တွေ အလွယ်လုပ်ကြမယ်။

2 Comments »

ကျွန်တော်ကို တောင်းထားတဲ့လူလည်းရှိသလို အားလုံးလည်း ကိုယ်ပိုင် Blog တွေ၊ Wordpress တွေ လုပ်ချင်နေသူတွေအတွက် ကျွန်တော် E-Book လေးတွေ တင်ပေးလိုက်ပါတယ်။ အားလုံးကို မြန်မာလို ရှင်းပြထားတာပါ။ အားလုံး အထဲမှာ ပြောထားတဲ့အတိုင်း လုပ်ရင် ကိုယ်ပိုင် Blog လေးတွေ ရလာမှာပါ။ ပြီးရင် Css, HTML ကိုလေ့လာလိုက်ပါ။ HTML ကျွမ်းသွားရင် ကိုယ်တိုင် Template ပါ ရေးနိုင်ပါလိမ့်မယ်။ HTML E-Book ကို ကျွန်တော်အားရင် ရှာပြီးတင်ပေးထားပါမယ်။ အခုက Blog တွေ Wordpress တွေ လုပ်ချင်သူတွေအတွက် ကျွန်တော် တင်ပေးလိုက်ပါတယ်။
9:51 PM

ရယ်ချင်သောသူများအတွက် Message လေးတွေပါ။

4 Comments »
ကျွန်တော့်ဘလော့ဂ်ကို လာလည်တဲ့သူတွေအတွက် ကျွန်တော် ဒီစာလေးတွေ ဖတ်ပြီး ပျော်သွားအောက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ပျော်ပျော်နေတတ်တဲ့သူဆိုတော့ အားလုံးပျော်သွားအောင် လုပ်ပေးလိုက်ပါတယ်။ ဖတ်ပြီးတော့ Comment မပေးခဲ့ရင် အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်ရပါစေ။ ( စတာနော်။ တစ်ကယ်ဖြစ်ရင်မသိ :P ) G-Talk Custom Message အဖြစ်လည်း အသုံးပြုလို့ ရပါတယ်။

ချစ်သူကချီးတုန်း
ကိုယ်က လှိုင်းလုံး
မြစ်ဧရာ စုန်တကြော
မျောလို့မဆုံး။

ဘ၀ဆက်တိုင်း
uk မှာ ဘောလုံးသမား
japan မှာ ဆာမုရိုင်း
us မှာ မာဖီးယား
korea မှာ မင်းသား
myanmar မှာ လုကြီးသား ဖြစ်ရပါလို၏ ဘုရား။။

ချစ်သူစိမ်းလို့ တရားကိန်းတယ်။
တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်
သားရေနယ်ကွဲ့ ရှာတုန်း
ချောင်အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး။

ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။
အာရုံမှာ လာလာစုစည်း
သူချည်းသာလော
အလွမ်းနှင့်ပါဘုရား။

မင်းရဲ့ လူမှုဆက်ဆံနည်း
တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက
ရေစီးကြောင်းလို
ချောင်းမ၀င် မြစ်မပေါက်
ခွေးနံပိန် ဆင်းဆင်းသောက်လို့
ဗွတ်မပေါက်ပါစေနဲ့။

online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့
လိမ်ညာခြင်းပါပဲ။

say. you say.နှစ်ယောက်ဆေးတော့
ပုဂံတွေ ပြောင်ရော။
I see. you see. နှစ်ယောက်စီးတော့
ဒန်းကျိုးတယ်။
I no. you no. နှစ်ယောက်နိုးတော့
အိပ်ရေးပျက်တာပေါ့။

Sys-Tools PDF Unlocker v3.1 + crack

0 Comments »

မေး : ကိုအောင်ရေ ကျွန်တော် PDF Unlocker ဖြစ်ဖြစ်၊ PDF Remover ဖြစ်ဖြစ် တင်ပေးဦးနော်... အရေးကြီးလို့ပါ။
ကျွန်တော့်ကို အောင်ခိုင်မိုးပဲခေါ်ပါ။ ကြက်သိမ်းထလို့ :D အခု PDF Unlocker လေးပဲအရင်တင်ပေးလိုက်ပါတယ်။ PDF Documents တွေကို Lock ချထားရင် ဒါလေးနဲ့ ပြန်ပြီး Unlock လိုက်ပါ။ အသုံးပြုရတာလည်း မခက်ပါဘူး။   ကျွန်တော် Full Version လေးရဖို့အတွက် တော်တော်လေး ရှာလိုက်ရတယ်။ အခုတော့ Full Version ရသွားပါပြီ။ လိုချင်သူများ အောက်မှာ အဆင်ပြေတဲ့နေရာကနေ Download ချသွားလိုက်ပါ။ နောက်ပိုင်း crack တွေကို သိပ်မသုံးတာအကောင်းဆုံးပါ။
1:57 PM

Yamicsoft Windows 7 Manager v3.0.5

0 Comments »

ဒါကိုတော့ လူတိုင်းသိလောက်ပါတယ်။ နောက်ထွက်လာတဲ့ Update လေးမလို့ တင်ပေးလိုက်ပါတယ်။ Windows 7 သုံးနေကြတဲ့လူတိုင်း ဆောင်ထားသင့်တဲ့ Software လေးပါ။ Repair တွေမှာလဲ တော်တော်ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါတယ်။ နောက်ပြီး ကျွန်တော် English Blog လေးနဲ့ တွဲရေးနေပါတယ်။ ဒါကြောင့် နောက်ပိုင်း ကျွန်တော် အလုပ်များတော့မှာပါ။ မေးထားတာလေးတွေကိုတော့ အတတ်နိုင်ဆုံး မြန်မြန်ဖြေပေးပါ့မယ်။ English လိုဖတ်ချင်သူများ လာလည်ခဲ့ပါ။ ပြောတာတောင်ဘယ်ရောက် သွားမှန်းသိဘူး။ :D တော်တော်ကောင်းပါတယ်။ ဒီ Software လေးကို သွင်းပြီးရင် Restore Point ကိုအရင်လုပ်ပါ။ အကြောင်းက Restore Point လုပ်ထားရင် မိမိစက် Virus, Maleware တွေကြောင့် Hard Driver တွေမှာပျောက်သွားရင်ဖြစ်ဖြစ်၊ ပြသာနာ တစ်ခုခုဖြစ်ရင်ပဲဖြစ်ဖြစ် မိမိခေါ်ထားတဲ့ Restore Point ကို ပြန်ခေါ်ပေးလိုက်ရုံနဲ့ နဂိုအတိုင်းပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်- ဒီနေ့ မှာ Restore Point လုပ်ထားတယ်။ မနက်ဖြန် အကြောင်းအမျိုးမျိုးကြောင့် Windows တစ်ခုခု ဖြစ်ရင် မနေ့က လုပ်ထားတဲ့ Restore Point ကို ပြန်ခေါ်လိုက်ရုံပါပဲ။ ဒါဆို မနေ့ကအတိုင်း ပြန်လည်ရရှိမှာပါ။ Windows စတင်တဲ့လူ၊ ပြန်တင်တဲ့လူတိုင်း အရင်ဆုံးလုပ်ထားသင့်တဲ့ အလုပ်တစ်ခုပါ။  တော်တော်အသုံးဝင်တဲ့ ကောင်လေးပါ။
1:08 PM
 
အပေါ်သို့သွားရန်။