ကျွန်တော် အခုဆို ကျွန်တော့်ဆိုဒ်မှာတင်ထားတဲ့ Upload ဆိုဒ်တွေမှာ RAR File တွေကို Passwords ခံလိုက်ပါတယ်။ အကြောင်းကတော့ ကိုယ်တိုင်အပင်ပန်းခံ ပြီးတင်ထားတဲ့ဟာတွေကို ကိုယ့်ဘလော့ဂ်တွေမှာ၊ဆိုဒ်တွေမှာ ပြန်တင်ထားကြတာကိုတွေ့ရပါတယ်။ နာမည်ကိုတော့မဖော်ပြတော့ပါဘူး။အရင်ဆုံး ယူချင်ရင်ပြောသွားပါ။ ဒါမှမဟုတ် ပိုစ့်ရဲ့ အောက်ဆုံးမှာ ကျွန်တော့်နာမည်လေးဖြစ်ဖြစ်ေ၇းပေးပါ။အမှန်ဆိုရင် ကျွန်တော်ယူသွားတာဘာမှမပြောပါဘူး။ဒါပေမဲ့ ပိုင်ရှင်ကိုတောင်ပြန်ဆဲသွားတာဆိုတာတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်ပါ။ ဒါကြောင့်ကျွန်တော်ဒါလေးကိုရည်ရွယ်ပြီးတင်လိုက်ပါတယ်။ .rar File ရဲ့ Passwords ကိုကျွန်တော် ပိုစ့်တစ်ခုဆုံးတိုင်းရေးပေးသွားပါမယ်။နောက်ပြီး RAR File ရဲ့အထဲမှာလည်းကျွန်တော်ရေးပေးထားပါတယ်။ကျွန်တော် Passwords ကိုရေးပေးထားပေမဲ့ တချို့မမြင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်အထဲမှာ ဘယ်လိုမျိုးရေးပေးထားလဲဆိုတာကို ပုံ နဲ့ပြထားပါတယ်။
အသိပေးခြင်း
4:45 PM





ကျေးဇူးပါ ခုလို အသိပေးတာ .... ကျွန်တော်က ကူလာတဲ့ ပိုဒ်တွေရဲ့မူရင်းလင့်တွေကိုဖော်ပြလေ့ မရှိပေမယ့် တကယ်အပင်ပန်းခံရေးနေသူတွေ ကိုတော့ ဖော်ပြဖို့ ဝန်မလေးပါဘူး ၊၊ သးများလုပ်ပြီးသားဆော့ဝဲတွေကိုကော်ပီချပြီး ကိုယ့်ဆိုဒ်နာမည် အီးမေးလ် ၊ အမည်ရေးထားတာတွေ့ ရင်တော့ ပက်ပက်စက်စက် ချုံ့ ချနေသူပါ ၊၊ သူများအပင်ပန်ခံငွေကုန်ခံလုပ်ထားတာကို အခန့် သားယူပြီနာမည်ကောင်း ယူနေတာ အမြင်ကပ်လွန်းလို့ လေ ...၊၊
အဆင်ပြေပါစေ ဒီထက်မက နည်းပညာ တိုးတက်အောင်မြင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်... အောက်ကနေ ကော်ပီလုပ်ဖို့ စောင့်နေတယ်ဆိုတာတော့ မမေ့ပါနဲ့ နော် ဟဲဟဲ
ီ